G fatt သီဆိုထားတဲ့ လူသားသစ္စာဆိုတဲ့သီချင်းလေးတင်ပေးပါရစေခင်ဗျာ
တောင်းဆိုထားတာတွေ့လို့ပါ
အောက်က သီချင်းနာမည်မှာနှိပ်ပြီး ဒေါင်းလုပ်ရယူလိုက်နော်
လူသားသစ္စာ
မူရင်းရေးသားသူအား Credit ပေးပါတယ်ခင်ဗျ။
Admin- Aorr Yeim
ဒါကတော့ စာသားလေးပါ
''လူသားသစ္စာ''
- G fatt
ငါဒီနေ့ကစ နင့်စိတ်နဲ့ပဲအသက်ရှုမှာ
ငါ့ကိုတုတ်တုတ်မှ မလှုပ်နိုင်အောင်နင် ထက်ပြုစား
ကျုပ်ကဘောပင်ဒါဆိုခင်ဗျာက စက္ကူစ
ပကာသနတွေ ချွတ်ပြစ်လိုက် G Fatt မဟုတ်ဘူး မြတ်သူပါ
ကံတရားကို ကပ်တိုးငါ ညှိပြီးလက်ထိုးစရာမရှိ ကျုပ်က ခင်ဗျာ ခြေထောက်နဲ့ မတော်တဲ့ ဖိနပ်မျိုးပါအမိ
မနက် ၉ နာရီ အိပ်ယာထတာနဲ့
အမြတ်တနိုးငါကြည့်ဖို့ နင့်ဓါတ်ပုံကို ငါ့ရဲ့ ထပ်ခိုးမှာချီ
ရူးနေပြီပေါ့ငါ ယဉ်ယဉ်လေးနဲ့
နင်ပြင်ပေးတဲ့ မနက်စာစားပြီး သွားကြွား Facebook ပေါ်တောင်တင်ချင်သေးတယ်
တစ်ခါတစ်လေ ကြက်တူရွေးလို ငှက်ကလေးဖြစ်ချင်
ဒါမှ နင့်ကိုချစ်တယ်ပြောပြီလုပ်မှာ Relationship
နောက်ဆို ဘယ်လိုအကြောင်းပြချက်နဲ့မှ အိမ်အလည်မလာနဲ့
ဖုန်းလဲမဆက်နဲ့ မအားလို့တဲ့ လိမ်တယ်ညာတယ်
သူ့သူငယ်ချင်းတွေ ရှေ့မောင်းထုတ်ရင်ပိုသိမ်ငယ်ပါရဲ့
တစ်နေ့တစ်နေ့ ကျုပ်က ကံတရားကို ကျိန်တွယ်ကာဆဲ
မီးလင်းဖို ဘေးနား ဂီတာတီးရင် သီချင်းလေးဆို
ငါ့ရာသီထဲ နင့်အပြုံးတွေသာ သီးပွင့်လို့
ဖွင့်မပြောရဲတဲ့ စိတ်နဲ့ငါ စည်းချင်းထိုး
ရှက်ဖို့ကောင်းပါတယ် ငါ့မျက်နှာငါ ပြန်လှီးပစ်မလို့
ဒီလူသားက အလှဆုံးနှလုံးသားတစ်ခုပေးချင်လို့ပါ
ရွှေမင်းသမီးလေးရဲ့မျက်နှာတော် ညှိုးမှာ
သေအောင်ကြောက်လို့ ဖွင့်မပြောရဲခဲ့တာ ရာစုနှစ်များစွာ ကြာ
ဒီလူသားဘဝ ချို့ယွင်းချက်အားနည်းချက် အပြည့်အဝနဲ့ပါ
အဖြူသက်သက်အချစ်ကတော့ သန်းပေါင်းများစွာ
တစ်ဘဝလုံးအတွက် မယိုင်လဲတဲ့သစ္စာပါဗျာ ဒီသီချင်းနဲ့သိစေချင်တာ
အိုး..............
အိုး.............
အချစ်က မင်းအလှပြင်ခုံထက်က မှန်တစ်ခုမဟုတ်
ဒါကြောင့်နင်မဲ့ပြလဲ ငါပြုံးနေမယ် ရန်မပြုလို့
မင်းမိဘ မင်းအတွက် အုတ်တံတိုင်းဆို
ငါက အဲ့အုတ်တံတိုင်းပေါ်က သံဆူးကြိုး
ဘာလို့ပြောတာလဲနင်နဲ့ငါမတန်ဘူးလို့
စုတ်ဖြဲ လိုက်တယ် ပြက္ကဒိန်အရွက် ဟောင်းတွေလို
အသုံးမဝင်တော့ဘူး ခံစားချက်တွေ တစ်ဖက်စောင်းနေလို့
ပလောင်တောင်တက် နှေးလဲ မစားရဘူး လဖ္ဘက်ကောင်းတွေကို
တွေ့တာနဲ့ ကျုပ်ကို မျက်စောင်းတွေ ထိုး
ဒါ ဘာ ဖြစ်လို့ ပါလဲ အချစ်ဆုံးရာ
နင့်ကိုလက်ထပ်ဖို့ မုန့်ဖိုးတွေ စုတယ်တစ်နှစ်လုံးစာ
အိပ်မက်က လက်တွေ့မဖြစ်တုန်းမှာ
သူရည်းစားရသွားပြီးဆိုတော့ မင်းက ဝက်အူလှည့်
ငါက မူလီတွေလို အရစ်ပြုံးသွား
ဝမ်းနည်း ပက်လက်နဲ့ အခန်းထဲ ကက်စက်ထည့်
အဆွေးသီချင်းတွေ ဖွင့်နေ အရမ်းပဲရက်စက်တယ်
အတူရှိဖူးတဲ့ ရက်စွဲများမေ့နေလား
နင်ညှပ်ချခဲ့တဲ့ လက်သည်းစလေးတွေ ဟာ
ဒီလူသားက အလှဆုံးနှလုံးသားတစ်ခုပေးချင်လို့ပါ
ရွှေမင်းသမီးလေးရဲ့မျက်နှာတော် ညှိုးမှာ
သေအောင်ကြောက်လို့ ဖွင့်မပြောရဲခဲ့တာ ရာစုနှစ်များစွာ ကြာ
ဒီလူသားဘဝ ချို့ယွင်းချက်အားနည်းချက် အပြည့်အဝနဲ့ပါ
အဖြူသက်သက်အချစ်ကတော့ သန်းပေါင်းများစွာ
တစ်ဘဝလုံးအတွက် မယိုင်လဲတဲ့သစ္စာပါဗျာ ဒီသီချင်းနဲ့သိစေချင်တာ
အိုး..............
အိုး.............
Writer(s): G Fatt